Global HIV Archive - AHF Myanmar

နိုင်ငံတကာ HIV

HIV / AIDS ရောဂါ ဟာ တစ်ကမ္ဘာ လုံးကို ခြိမ်းခြောက် အန္တရာယ် ပြုနေဆဲ ကပ်ရောဂါ (Pandemic diseases) များထဲ မှတစ်မျိုး အပါ အဝင် ဖြစ်ပါတယ်.. HIV ပိုးကို စတင် တွေ့ရှိ ခဲ့တဲ့ ၁၉၈၁ ခုနှစ်မှ သည် ၂၀၀၆ ခုနှစ် ထိ လူ့အသက် ပေါင်း ၂၅ သန်းကျော် ဆုံးရှုံး စေခဲ့တဲ့ ကူးစက် ရောဂါ လည်း ဖြစ်ပါ တယ်.. ၂၀၀၅ ခုနှစ် တစ်နှစ်ထဲ မှာပင် လူဦးရေ ၂.၄ မှ ၃.၃ သန်း ထိ သေဆုံး ခဲ့ပါတယ်.. ၎င်း ထဲတွင် ကလေး ၅၇၀,၀၀၀ ကျော် ပါဝင် ပြီး သေဆုံး သူများ ရဲ့ သုံးပုံ တစ်ပုံ ဟာ ဆာဟာရ တောင်ပိုင်း အာဖ ရိက နိုင်ငံ များမှ ဖြစ်ကြ ပါတယ်.. HIV ကူးစက် ခံရသူ ပေါင်းသည် ကမ္ဘာ့ လူဦးရေ ရဲ့ ၀.၆% ရှိနိုင် ကြောင်း ခန့်မှန်း ထုတ်ပြန် ထားပါတယ်...

နိုင်ငံတကာ HIV

တစ်ကမ္ဘာလုံးတွင် HIV ရောဂါပိုးရှိသူပေါင်းတွင် ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလအထိ ၄၂ သန်းခန့်သည် လောလောဆယ်၌ အသက်ရှင်လျက်ရှိပြီး လူပေါင်း ၂၁ သန်းခန့်သည် ခုခံအားကျဆင်းမူ ကူးစက်ရောဂါ AIDS ကြောင့် သေဆုံးခဲ့ရပြီး ဖြစ်ပါသည်။ ၂၀၀၄ ခုနှစ်အတွင်း ရောဂါအသစ် ထပ်မံ ကူးစက်ခံရသူပေါင်းမှာ ငါးသန်းခန့်ရှိပြီး AIDS ရောဂါကြောင့်သေဆုံးသူပေါင်းမှာ ၃ ဒသမ ၁ သန်းခန့် ရှိပါသည်။ ထိုအထဲတွင် အမျိုးသမီး ၁ ဒသမ ၁ သန်းခန့်နှင့် ကလေး ၅၁၀, ၀၀၀ ဦးပါဝင်ပါသည်။