HIV And Youth Archive - AHF Myanmar

လူငယ်နှင့် HIV

HIV-positive ဆိုတာ ဘာလဲ။ တချိန်ကြရင် AIDS ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုး သွေးထဲမှာ ရှိနေပြီ။ ဒါပေမဲ့ AIDS ဖြစ်နေပြီလို့ ဆိုလိုတာတော့ မဟုတ်ဘူး။ မကြာခင် သေရတော့မယ်လို့လဲ မဟုတ်ပါ။ သူကနေ အကာအကွယ်မဲ့ လိင်ဆက်ဆံသူများကို ကူးစက်စေနိုင်ပြီ။ ကိုယ့်ကိုယ်ကို ဂရုစိုက်၊ အစာအာဟာရလဲ မျှတအောင်စား၊ ပုံမှန် ဆေးစစ်၊ သေခြာ ဆေးကုနေရင် အကြာကြီး အသက်ရှင်ပါမယ်။

HIV နှင့် AIDS

HIV နှင့် AIDS မှာ မတူပါ။ HIV ဆိုသည်မှာ သွေးတွင် HIV ပိုးရှိခြင်းသာဖြစ်ပြီး ကာယကံရှင်မှာ ရောဂါလက္ခဏာများ ခံစားရခြင်း မရှိပါ။
AIDS ဆိုသည်မှာ သွေးတွင် HIV ပိုးရှိရုံသာမက ရောဂါလက္ခဏာများပါ
ခံစားနေရသော အခြေအနေကို ခေါ်ပါသည်။