KAP and High Risk Groups Archive - AHF Myanmar

KAP နှင့် Risk အုပ်စု

CD4 သွေးဖြူဥအရေအတွက်ကို သိခြင်းဖြင့် ခန္ဓာကိုယ်၏ ခုခံအားကျဆင်းမှုအဆင့်၊ သို့မဟုတ် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၏ အဆင့်ကို ခန့်မှန်းနိုင်ပါသည်။

AIDS ရောဂါဖြစ်ပွားရန် အခွင့်အလမ်းပိုများသူများ

၁။ ပြည့်တန်ဆာများ။
၂။ လိင်တူဆက်ဆံသူများ။
၃။ မူးယစ်ဆေးဝါး အကြောထဲထိုးသူများ။
၄။ သွေးမကြာခဏ သွင်းရသူများ။
၅။ လိင်ဆက်ဆံဖက်ဦးရေ များပြားသူများ။
၆။ ကာလသားရောဂါ ခံစားနေရသူများ။

AIDS နှင့် ကာလသားရောဂါ ပိုမိုကူးစက်စေနိုင်သည့် အခြေအနေများ

၁။ လိင်အင်္ဂါတွင် အနာရှိခြင်း။ (ဥပမာ – လိင်အင်္ဂါရေယုန်၊ ရှန်ကာနာ)
၂။ ဆီးပူညောင်းကျ ဖြစ်နေခြင်း။
၃။ ရာသီလာစဉ် လိင်ဆက်ဆံခြင်း။
၄။ စအိုနှင့် လိင်ဆက်ဆံခြင်း။
၅။ အရွယ်မရောက်သေးသော မိန်းကလေးငယ်များနှင့် လိင်ဆက်ဆံခြင်း။
၆။ လိင်ဆက်ဆံဖက်များပြားခြင်း
၇။ ဟော်မုန်းပါ ပဋိသန္ဓေတားပစ္စည်းများ အသုံးပြုခြင်း။
၈။ သားအိမ်တွင်းထည့် ပဋိသန္ဓေတားပစ္စည်းများ အသုံးပြုခြင်း။
၉။ ကိုယ်ဝန်ရှိစဉ် လိင်ဆက်ဆံခြင်း။
၁၀။ ဗီတာမင်အေ ချို့တဲ့ခြင်း။
၁၁။ သားအိမ်ခေါင်း ပုံမမှန်ခြင်း။(Ectopion)
၁၂။ ယောကျာ်းလိင်အင်္ဂါဖုံး အရေပြားဖြတ်မထားခြင်း။(Circumcision)
၁၃။ AIDS ရောဂါပြင်းထန်စွာ ခံစားနေရသူနှင့်အကာအကွယ်မဲ့ လိင်ဆက်ဆံမိခြင်း။
၁၄။ HIV ရောဂါပိုး ကိုယ်ထဲဝင်စ သွေးထဲတွင် HIV ပိုးပမာဏများပြားလွန်းသည့် အဆင့်သို့ ရောက်ရှိနေသူနှင့် လိင်ဆက်ဆံမိခြင်း။

ရောဂါကူးစက်မှုကိုလျော့ကျစေသည့် အခြေအနေ

၁။လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုခြင်း။
၂။HIV ရောဂါပိုးကို နှိမ်နင်းနိုင်သည့် Anti-retroviral drug များ
စားသုံးခြင်း။