HIV Situation in Myanmar Archive - AHF Myanmar

မြန်မာနိုင်ငံ HIV

AIDS ရောဂါ ကို HUMAN IMMUNODEFICIENCY VIRUS (HIV) ခေါ် ဗိုင်းရပ်စ် ပိုးတစ်မျိုးက ဖြစ်ပွား စေပါသည်။ ဗိုင်းရပ်စ်ပိုးမှာ အရွယ်ပမာဏ အလွန်သေးငယ်၍ သာမန်မျက်စိဖြင့် မမြင်နို်င်ဘဲ အလွန်အားကောင်းသော အီလက်ထရွန် မှန်ပြောင်းဖြင့် ကြည့်မှသာ မြင်နိုင်သော ပိုးတစ်မျိုး ဖြစ်ပါသည်။

မြန်မာနိုင်ငံ HIV

၂၀၀၇ ခုနှစ်အတွင်း တရားဝင် ခန့်မှန်းချက်များအရ မြန်မာပြည်တွင် ခုခံအားကျဆင်းမှု ကူးစက် ရောဂါပိုး ကူးစက်ခံထားရသူပေါင်းမှာ ၂၄၀၀၀၀ ခန့်ရှိသည်ဟု ဆိုပါသည်။
၂၀၀၇ ခုနှစ်အတွင်း တရားဝင် ခန့်မှန်းချက်များအရ ကမ္ဘာပေါ်တွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုး ကူးစက်ခံရသူပေါင်းမှာ ၃၃ သန်းခန့်ရှိသည်ဟု ဆိုပါသည်။
၂၀၀၇ ခုနှစ်အတွင်း ခုခံအားကျဆင်းမှု ကူးစက်ရောဂါ အသစ်ကူးစက်ခံရသော သူပေါင်းမှာ ၂.၇ သန်းခန့် ရှိပြီး ရောဂါကြောင့် သေးဆုံးရသူပေါင်းမှာ ၂ သန်းခန့်ရှိပါသည်။