Pre And Post Counseling Archive - AHF Myanmar

ကြိုတင်စစ်ဆေးမှုများ

AIDS ရောဂါ ကို HUMAN IMMUNODEFICIENCY VIRUS (HIV) ခေါ် ဗိုင်းရပ်စ် ပိုးတစ်မျိုးက ဖြစ်ပွား စေပါသည်။ ဗိုင်းရပ်စ်ပိုးမှာ အရွယ်ပမာဏ အလွန်သေးငယ်၍ သာမန်မျက်စိဖြင့် မမြင်နို်င်ဘဲ အလွန်အားကောင်းသော အီလက်ထရွန် မှန်ပြောင်းဖြင့် ကြည့်မှသာ မြင်နိုင်သော ပိုးတစ်မျိုး ဖြစ်ပါသည်။

ကြိုတင်စစ်ဆေးမှုများ

HIVရောဂါပိုးရှိသူနှင့် အကြောင်းကြောင်းကြောင့် အကာအကွယ်မဲ့ လိင်ဆက်ဆံမိပါက ရောဂါမကူးစက်အောင်ကာကွယ်နည်းများ(test)

ရောဂါပိုးရှိသူနှင့် အကြောင်းကြောင်းကြောင့် အကာအကွယ်မဲ့လိင်ဆက်ဆံမိပါက (ဥပမာ- မုဒိမ်းကျင့်ခံရခြင်း) လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်း HIV ပိုးကိုနှိမ်နင်းသော Anti-retroviral drug ဆေးသုံးမျိုး (သို့) နှစ်မျိုးကို တစ်လ သောက်သုံးပါကရောဂါ ကူးစက်မှုကို လျှော့ချစေနိုင်ပါသည်။ AIDS ကုသရာတွင် ကျွမ်းကျင်သူများနှင့် အချင်းဖြစ်ပွားပြီးရ၂ နာရီအတွင်း ဆက်သွယ် အကြံဉာဏ်တောင်းယူပါ။

ဖြစ်ပြီးနောက်စစ်ဆေးခြင်း

ခုခံအားကျဆင်းမှု ကူးစက်ရောဂါကု ဆေးဝါးများအကြောင်းသိကောင်းစရာ

ခုခံအားကျဆင်းမှုကူးစက်ရောဂါသည် ကမ္ဘာပေါ်တွင် ၁၉၈၁ ခုနှစ်မှ စတင်၍ ပေါ်ပေါက်ခဲ့ရာ ယခုဆိုလျှင် ၃၈ နှစ်ခန့်ရှိခဲ့ပြီ ဖြစ်ပါသည်။ ၃၈ နှစ်အတွင်း ဆေး သိပ္ပံပညာရှင်များ၏ မဆုတ်မနစ် ကြိုးစား အားထုတ်မှုကြောင့်ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုးကို ထိရောက်စွာ နှိမ်နင်းနှိင်သော ဆေးဝါးများ Antiretroviral drug (ARV) ပေါ်ပေါက်ခဲ့ပြီး ခုခံအား ကျဆင်းမှု ကူးစက်ရောဂါကြောင့် သေဆုံးမှုကို၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်လာခဲ့ ကြပါသည်။