Prevention of HIV Archive - AHF Myanmar

ကွန်ဒုံးက ဘာတွေကို ကာကွယ်ပေးနိုင်သလဲ?

ကွန်ဒုံးကို စနစ်တကျအသုံးပြုမယ်ဆိုရင် အချိန်မတိုင်သေးခင် ကိုယ်ဝန်ရရှိခြင်းက နေကာကွယ်နိုင်သလို ၊ HIV ၊ ကာလသား စတဲ့ လိင်ဆက်ဆံရာကနေ ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ ကိုလည်း ကာကွယ် နိုင်ပါတယ် ။

AIDS ရောဂါကာကွယ်နည်းများ

၁။ လိင်ဆက်ဆံမှုမှာ ရောဂါမကူးစက်အောင် ကာကွယ်နည်းများ။
၂။ သွေးသွင်းခြင်းမှ ရောဂါမကူးစက်အောင် ကာကွယ်နည်းများ။
၃။ ဆေးထိုးအပ်မှတစ်ဆင့် ရောဂါမကူးစက်အောင် ကာကွယ်နည်းများ။
၄။ မိခင်မှကလေးသို့ HIV ပိုး မကူးစက်အောင် ကာကွယ်နည်းများ။
၅။ ကျန်းမာရေးဝန်ထမ်းများ HIV ပိုးပါသော သွေးနှင့် မတော်တဆတွေ့ထိမိပါက ရောဂါ မကူးစက်အောင် ကာကွယ်နည်းများ။

လိင်ဆက်ဆံမှုမှ ရောဂါမကူးစက်အောင် ကာကွယ်နည်းများ

၁။ လိင်အပျော်အပါးမှ ရှောင်ကြဉ်ခြင်း။
၂။ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးခြင်း။
၃။ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုခြင်း။

ကွန်ဒုံးအမျိုးအစား

၁။ ရော်ဘာ
၂။ ပလတ်စတစ်
၃။ တိရစ္ဆာန်တစ်သျှူး