ခုခံအားကျဆင်းမှု ကူးစက်ရောဂါကု ဆေးဝါးများအကြောင်းသိကောင်းစရာ - AHF Myanmar

ခုခံအားကျဆင်းမှု ကူးစက်ရောဂါကု ဆေးဝါးများအကြောင်းသိကောင်းစရာ

ခုခံအားကျဆင်းမှုကူးစက်ရောဂါသည် ကမ္ဘာပေါ်တွင် ၁၉၈၁ ခုနှစ်မှ စတင်၍ ပေါ်ပေါက်ခဲ့ရာ ယခုဆိုလျှင် ၃၈ နှစ်ခန့်ရှိခဲ့ပြီ ဖြစ်ပါသည်။ ၃၈ နှစ်အတွင်း ဆေး သိပ္ပံပညာရှင်များ၏ မဆုတ်မနစ် ကြိုးစား အားထုတ်မှုကြောင့်ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုးကို ထိရောက်စွာ နှိမ်နင်းနှိင်သော ဆေးဝါးများ Antiretroviral drug (ARV) ပေါ်ပေါက်ခဲ့ပြီး ခုခံအား ကျဆင်းမှု ကူးစက်ရောဂါကြောင့် သေဆုံးမှုကို၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်လာခဲ့ ကြပါသည်။