ခုခံအားကျဆင်းမှု ကူးစက်ရောဂါ AIDS ၏ ရောဂါလက္ခဏာများ - AHF Myanmar

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ AIDS ၏ ရောဂါလက္ခဏာများ

၁။ လူကြီး
အသက် ၁၂ နှစ်အထက် ရှိသူများတွင် သွေးထဲ၌ HIV ပိုးရှိပြီး အောက်တွင် ဖော်ပြထားသည့် အဓိက လက္ခဏာ အနည်းဆုံး နှစ်ခုနှင့် သာမညလက္ခဏာ တစ်ခုရှိပါက ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ဟု သတ်မှတ်ပါသည်။
(က) အဓိကလက္ခဏာ
၁။ ခန္ဓာကိုယ်အလေးချိန် မူလထက် ဆယ်ရာခိုင်နှုန်းထက်ပို၍ လျော့နည်းသွားခြင်း။
၂။ ဝမ်းလျှော့၊ ဝမ်းပျက် တစ်လထက်ပိုကြား၍ ဖြစ်ပွားခြင်း။
၃။ တစ်လထက်ပိုကြာ၍ ဖျားခြင်း။
(ခ) သာမညလက္ခဏာ
၁။ တီဘီရောဂါမဟုတ်ဘဲ တစ်လကျော်ကြာ ချောင်းဆိုးခြင်း၊
၂။ ခန္ဓာကိုယ်အနှံ့ အရေပြားယားယံပြီး ရောင်ရမ်းခြင်း။
၃။ မကြာခဏ ခါးပတ်ရေယုန်၊ သို့မဟုတ် ဆင်ရေယုန်ခေါ်အပြင်း စားရေယုန်ရောဂါ ဖြစ်ခြင်း။
၄။ ရိုးရိုးရေယုန် ကာလကြာရှည်စွာ ခန္ဓာကိုယ်အနှံ့ဖြစ်ပွာခြင်း။
၅။ ပါးစပ်နှင့် လည်းချောင်းတွင် မှက္ခရုပေါက်ခြင်း။
၆။ ခန္ဓာကိုယ်အနှံ့ တစ်ကိုယ်လုံးတွင် အကျိတ်များ ရောင်ရမ်းခြင်း။
၂။ ကလေး
အသက် ၁၂ နှစ်အောက်ရှိ ကလေးများတွင် သွေးထဲ၌ HIV ပိုးရှိပြီး အောက်တွင်ဖော်ပြထားသည့် အဓိကလက္ခဏာ အနည်းဆုံးနှစ်ခုနှင့် သာမည လက္ခဏာတစ်ခုရှိပါက ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ဟုသတ်မှတ်ပါသည် –
(က) အဓိကလက္ခဏာ
၁။ ခန္ဓာကိုယ်အလေးချိန် လျော့နည်းခြင်း၊ သို့မဟုတ် ခန္ဓာကိုယ်ကြီးထွားနှုန်း ထူးထူး ခြားခြား နှေးကွေးခြင်း။
၂။ ဝမ်းလျှော့၊ ဝမ်းပျက် တစ်လထက် ပိုကြာ၍ ဖြစ်ပွားခြင်း။
၃။ တစ်လထက်ပိုကြာ၍ ဖျားခြင်း။
(ခ) သာမညလက္ခဏာ
၁။ ရက်တာရှည် ချောင်းဆိုးခြင်း။
၂။ ခန္ဓာကိုယ်အနှံ့အရေပြားယားယံပြီး ရောင်ရမ်းခြင်း။
၃။ သာမန်ကူးစက်ရောဂါများ မကြာခဏဖြစ်ခြင်း။ (ဥပမာ- နားပြည်ယိုခြင်း၊ လည်ချောင်းနာခြင်း။)
၄။ မိခင်၏သွေးထဲတွင် HIV ပိုးရှိခြင်း။
၅။ ပါးစပ်နှင့်လည်ချောင်းတွင် မှက္ခရုပေါက်ခြင်း။
၆။ ခန္ဓာကိုယ်အနှံ့ တစ်ကိုယ်လုံးတွင် အကျိတ်များ ရောင်ရမ်းခြင်း။