CD4 သွေးဖြူဥ - AHF Myanmar

CD4 သွေးဖြူဥ

သာမန်လူကောင်းတစ်ယောက်တွင်ပုံမှန် CD4 သွေးဖြုဥ အရေအတွက်မှာ 800 မှ 1050/ml အတွင်းရှိပါသည်။CD4အရေအတွက်၅ဝဝအောက်ရောက်ပါက ခုခံအား စတင်ကျဆင်းပြီဟု ယူဆပါသည်။ ၂၀၀ အောက်ရောက်ပါက ခုခံအား သိသိသာသာကျဆင်းပြီးAIDS အဆင့်သို့ ရောက်ရှိပြီဟု သတ်မှတ်ပါသည်။
CD4သွေးဖြုဥအရေအတွက်ကို တိုင်းတာစမ်းသပ်ရာတွင် HIV ပိုးအပြင် အခြားသော အကြောင်း အမျိုးမျိုးကြောင့်လည်း အရေအတွက် လျော့နည်းခြင်း၊ များပြားခြင်းများလည်း ဖြစ်တက်ပါသည်။