HIV ပိုးနှင့် ခန္ဓာကိုယ်၏ ခုခံအားစနစ် - AHF Myanmar

HIV ပိုးနှင့် ခန္ဓာကိုယ်၏ ခုခံအားစနစ်

HIVပိုးသည်ခန္ဓာကိုယ်ထဲသို့ရောက်ရှိပြီးနောက်သွေးထဲရှိCD4ခေါ်သွေးဖြုဥတစ်မျိုးကိုအဓိကထား ဖျက်ဆီးပစ်ပါသည်။ထိုCD4သွေးဖြူဥသည်ခန္ဓာကိုယ်၏ခေါင်းဆောင်ငယ်တစ်ဦးသဖွယ်တာဝန် ထမ်းဆောင်ပါသည်။ရောဂါပိုးတစ်မျိုးခန္ဓာကိုယ်ထဲသို့ဝင်ရောက်လာကြောင်းသိရှိသည်နှင့်ထိုCD4 သွေးဖြူဥများက ခန္ဓာကိုယ် ရောဂါခုခံအား စနစ်အတွင်းရှိရောဂါပိုးကို တိုက်ခိုက်ဖျက်ဆီးမည့်
အခြားသော သွေးဖြူဥများကို တပ်လှန့်နှိုးဆော်ပြီး ရောဂါပိုးကို နှိမ်နင်းနိုင်အောင် အကူအညီပေးပါသည်။ထို့ကြောင့်ခန္ဓာကိုယ်ထဲတွင်သွေးဖြူဥအရေအတွက်ကျဆင်းလျော့နည်းနေပါကပြင်ပမှရောဂါပိုးဝင်ရောက်မှုကိုမကာကွယ်နိုင်ဘဲ ကူးစက် ရောဂါများ ပိုမိုဖြစ်ပွားတက်ပါသည်။