AIDS နှင့် ကာလသားရောဂါ ပိုမိုကူးစက်စေနိုင်သည့် အခြေအနေများ - AHF Myanmar

AIDS နှင့် ကာလသားရောဂါ ပိုမိုကူးစက်စေနိုင်သည့် အခြေအနေများ

၁။ လိင်အင်္ဂါတွင် အနာရှိခြင်း။ (ဥပမာ – လိင်အင်္ဂါရေယုန်၊ ရှန်ကာနာ)
၂။ ဆီးပူညောင်းကျ ဖြစ်နေခြင်း။
၃။ ရာသီလာစဉ် လိင်ဆက်ဆံခြင်း။
၄။ စအိုနှင့် လိင်ဆက်ဆံခြင်း။
၅။ အရွယ်မရောက်သေးသော မိန်းကလေးငယ်များနှင့် လိင်ဆက်ဆံခြင်း။
၆။ လိင်ဆက်ဆံဖက်များပြားခြင်း
၇။ ဟော်မုန်းပါ ပဋိသန္ဓေတားပစ္စည်းများ အသုံးပြုခြင်း။
၈။ သားအိမ်တွင်းထည့် ပဋိသန္ဓေတားပစ္စည်းများ အသုံးပြုခြင်း။
၉။ ကိုယ်ဝန်ရှိစဉ် လိင်ဆက်ဆံခြင်း။
၁၀။ ဗီတာမင်အေ ချို့တဲ့ခြင်း။
၁၁။ သားအိမ်ခေါင်း ပုံမမှန်ခြင်း။(Ectopion)
၁၂။ ယောကျာ်းလိင်အင်္ဂါဖုံး အရေပြားဖြတ်မထားခြင်း။(Circumcision)
၁၃။ AIDS ရောဂါပြင်းထန်စွာ ခံစားနေရသူနှင့်အကာအကွယ်မဲ့ လိင်ဆက်ဆံမိခြင်း။
၁၄။ HIV ရောဂါပိုး ကိုယ်ထဲဝင်စ သွေးထဲတွင် HIV ပိုးပမာဏများပြားလွန်းသည့် အဆင့်သို့ ရောက်ရှိနေသူနှင့် လိင်ဆက်ဆံမိခြင်း။